Local News

ဧည့်မထဆန်(ဟောင်း)၊ ဆန်ကွဲB(1,2)ဈေးများတည်ငြိမ်၍ ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲB(2,3,4)နှင့် ဖွဲနုဈေးများကျကာ ဧည့်မထဆန်(သစ်)ဈေးမြင့်တက်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၂၄.၁၀.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၄၅၀၀ဝကျပ် ၊ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၃၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၂၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၂၂၈၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၂၄.၁၀.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၄၈၀၀ဝကျပ် ၊ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၀၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၃၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၀၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၁၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၃၀၀၀ ကျပ် ဈေးမြင့်တက်၍ ပေါ်ဆန်မွှေတစ်အိတ် ၁၀၀၀၀ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၂၀၀ဝကျပ်နှင့် ဖွဲနု တစ်အိတ် ၁၈၀၀ကျပ်တို့ဖြင့် ဈေးကျကာ ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ဆန်ကွဲB(1,2)နှင့် ဖွဲနု ဈေးများ တည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(သစ်) ဈေးမြင့်တက်သွားခြင်းမှာ ကုန် ကြမ်းနည်းပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး ပေါ်ဆန်းမွှေး၊ ဆန်ကွဲ B(2,3,4)နှင့် ဖွဲနုဈေးတို့ကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျ ဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဉက္ကဌထံမှ သိရှိရပါသည်။

 ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

 မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News